Subscribe:

Labels

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, January 31, 2013

နာလန္ဒတက္ကသိုလ်ကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ပေးရန် တောင်းဆို


ကမ္ဘာကျော် ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးဖြစ်သည့် နာလန်ဒတက္ကသိုလ်ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် World heritage site အနေဖြင့် သတ်မှတ်ပေးရန် ဘိဟာပြည်နယ် ၀န်ကြီးချုပ် Nitish Kumar က တောင်းဆိုလိုက်သည်။
ပြည်လည်တူးဖေါ်တွေ့ရှိခဲ့သည့် ရှေးဟောင်းနေရာတွင် လွန်ခဲသော နှစ်ပေါင်း တစ်ထောင့်ငါးရာ (အေဒီ ၅ ရာစု) ခန့်က ကျောင်းသား တစ်သောင်းကျော်နှင့် ဆရာ နှစ်ထောင်ကျော် ရှိခဲ့ဖူးသည်။ ဗိသုကာလက်ရာမွန်များကိုလည်း လေ့လာနိုင်ကြဆဲဖြစ်သည်။
သက္ကရိုက်ဘာသာစကား အမည်ဖြစ်ပြီးလျှင် - အသိပညာဖြန့်ဝေရာဌာနီ - ဟု အဓိပ္ပါယ်ရသော ဤတက္ကသိုလ်ကြီးသည် 1197 ခုနှစ်အထိ တည်ရှိခဲ့သည်။ အိန္ဒိယဒေသတွင်းသာမကဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ တိဗက်၊ အင်ဒိုနီးရှား၊ ပါရှားနှင့် တူရကီတိုင်းနိုင်ငံများက ကျောင်းသားများလည်း လာရောက် လေ့လာခဲ့ကြသည်။

Friday, January 18, 2013

မြန်မာ့ရေနက်ဆိပ်ကမ်းများ၏အလားအလာ


မန်မာ့ရေနက်ဆိပ်ကမ်းများ၏ အလားအလာ

            ဒေါက်တာ စုစုသာထွန်း

    ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ရန် အဓိကလိုအပ်ချက်များမှာ ရေစူးအနက်လုံလောက်မှု၊ လေဒဏ်၊ လှိုင်းဒဏ်ကာကွယ်နိုင်နှုနှင့် သင်္ဘောအဝင်အထွက်လမ်းကြောင်း ကောင်းမွန်မှုတို့ ဖြစ်ပေသည်။ ဤအချက်သုံးချက်နှင့်ပြည့်စုံကာ ရေနက်ဆိပ်ကမ်းကောင်းဖြစ်ရန် အလားအလာရှိသော မြန်မာနိုင်ငံ၏ဆိပ်ကမ်းများမှာ အနောက်ဘက်ကမ်းရိုးတန်းတွင် ကျောက်ဖြူဆိပ်ကမ်းနှင့် အရှေ့ဘက် ကမ်းရိုးတမ်းတွင်ကုလားကုတ်ဆိပ်ကမ်း၊ ထားဝယ်ဆိပ်ကမ်းနှင့် ဘုတ်ပြင်းဆိပ်ကမ်းတို့ဖြစ်ပေသည်။

Saturday, December 29, 2012

Al Jazeera သတင်းဌာန၏သတင်းလိမ်ညာထုတ်လွင့်မှုကိုဖော်ထုတ်ခြင်း


အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသော လူမျိုးတုံးသတ်ဖြတ်မှု (Hidden Genocide)’ သတင်းမှတ်တမ်းဗီဒီယိုတွင်ပါဝင်သည့် လိမ်ညာမှုများနှင့် ကြိုးကိုင်လှုပ်ရှားမှုများကို ဖော်ထုတ်ဖွင့်ချခြင်း

Tuesday, December 4, 2012

Human Right and Buddhist Right



လူ့သားအခွင့်အရေးနှင့် ဗုဒ္ဓကိုယုံသူအခွင့်အရေး
Human Right and Buddhist Right
ဖြူဖွေးအေးမြ ဆောင်းနှင်းစများဖြင့် မိုးကုန်လို့ ဆောင်းဦးကာလကို ချဉ်းနှင်းဝင်ရောက်ခါစ အေးမြတဲ့ ဆောင်းညများကို ကြည်လင်ရွှင်မြူးစွာ လှမ်းကြိုနေတဲ့ ဟေမာန်ဦးကာလအချိန်
၂၁ ရာစု၏ ရှေးဦးပိုင်းကာလ ယခုလိုအချိန်များသည်ကား လူသားသမိုင်းတွင် တစ်ခါမှမကြုံစဖူး ထူးကဲစွာဖြင့် လူသားတို့၏ နှလုံးရည်တိုက်ပွဲ(Third War)များကို ကမ္ဘာအနှံ့မှ အချိန်တိုင်း၊ နေ့တိုင်း ကြားနေရ၊ မြင်နေကြရ၏။ ကမ္ဘာ့အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့အနောက်ဘက်အခြမ်းတို့မှ မြန်မာ့ပိုင်နက်ထဲသို့ နေ့စဉ်လိုလို ၀င်ရောက်လျက်ရှိသော အင်တာနက်၊ တီဗီ၊ ရေဒီယိုအသံလှိုင်းများမှ တစ်ဆင့်လာသော နှလုံးရည်ျွန်သံ၊ တိုက်ပွဲသံတို့သည်ကား အေးချမ်းလှပတဲ့ ဆောင်းညချမ်းဦးများကို ပူလောင်စေ၊ အရုပ်ဆိုးစေပြန်၏။ ထိုအထဲမှ အပူလောင်ဆုံး၊ အရုပ်အဆိုးဆုံးဖြစ်စေသော စကားတစ်ခွန်းမှာ… Human Right, လူ့အခွင့်အရေး ဟူ၍ဖြစ်၏။