- Details
-
Category: မောက္ခနိုင်ငံတကာသတင်း
-
Published on Thursday, 31 January 2013 04:15
-
Written by မြတ်ပန်ုးရှင်
ကမ္ဘာကျော် ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးဖြစ်သည့် နာလန်ဒတက္ကသိုလ်ကို ယူနက်စကို၏
ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် World heritage site အနေဖြင့် သတ်မှတ်ပေးရန်
ဘိဟာပြည်နယ် ၀န်ကြီးချုပ် Nitish Kumar က တောင်းဆိုလိုက်သည်။
ပြည်လည်တူးဖေါ်တွေ့ရှိခဲ့သည့် ရှေးဟောင်းနေရာတွင် လွန်ခဲသော နှစ်ပေါင်း
တစ်ထောင့်ငါးရာ (အေဒီ ၅ ရာစု) ခန့်က ကျောင်းသား တစ်သောင်းကျော်နှင့် ဆရာ
နှစ်ထောင်ကျော် ရှိခဲ့ဖူးသည်။ ဗိသုကာလက်ရာမွန်များကိုလည်း
လေ့လာနိုင်ကြဆဲဖြစ်သည်။
သက္ကရိုက်ဘာသာစကား အမည်ဖြစ်ပြီးလျှင် - အသိပညာဖြန့်ဝေရာဌာနီ - ဟု
အဓိပ္ပါယ်ရသော ဤတက္ကသိုလ်ကြီးသည် 1197 ခုနှစ်အထိ တည်ရှိခဲ့သည်။
အိန္ဒိယဒေသတွင်းသာမကဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ တိဗက်၊
အင်ဒိုနီးရှား၊ ပါရှားနှင့် တူရကီတိုင်းနိုင်ငံများက ကျောင်းသားများလည်း
လာရောက် လေ့လာခဲ့ကြသည်။