Subscribe:

Thursday, January 31, 2013

နာလန္ဒတက္ကသိုလ်ကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ပေးရန် တောင်းဆို


ကမ္ဘာကျော် ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးဖြစ်သည့် နာလန်ဒတက္ကသိုလ်ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် World heritage site အနေဖြင့် သတ်မှတ်ပေးရန် ဘိဟာပြည်နယ် ၀န်ကြီးချုပ် Nitish Kumar က တောင်းဆိုလိုက်သည်။
ပြည်လည်တူးဖေါ်တွေ့ရှိခဲ့သည့် ရှေးဟောင်းနေရာတွင် လွန်ခဲသော နှစ်ပေါင်း တစ်ထောင့်ငါးရာ (အေဒီ ၅ ရာစု) ခန့်က ကျောင်းသား တစ်သောင်းကျော်နှင့် ဆရာ နှစ်ထောင်ကျော် ရှိခဲ့ဖူးသည်။ ဗိသုကာလက်ရာမွန်များကိုလည်း လေ့လာနိုင်ကြဆဲဖြစ်သည်။
သက္ကရိုက်ဘာသာစကား အမည်ဖြစ်ပြီးလျှင် - အသိပညာဖြန့်ဝေရာဌာနီ - ဟု အဓိပ္ပါယ်ရသော ဤတက္ကသိုလ်ကြီးသည် 1197 ခုနှစ်အထိ တည်ရှိခဲ့သည်။ အိန္ဒိယဒေသတွင်းသာမကဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ တိဗက်၊ အင်ဒိုနီးရှား၊ ပါရှားနှင့် တူရကီတိုင်းနိုင်ငံများက ကျောင်းသားများလည်း လာရောက် လေ့လာခဲ့ကြသည်။