Subscribe:

Thursday, January 31, 2013

နာလန္ဒတက္ကသိုလ်ကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ပေးရန် တောင်းဆို


ကမ္ဘာကျော် ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးဖြစ်သည့် နာလန်ဒတက္ကသိုလ်ကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် World heritage site အနေဖြင့် သတ်မှတ်ပေးရန် ဘိဟာပြည်နယ် ၀န်ကြီးချုပ် Nitish Kumar က တောင်းဆိုလိုက်သည်။
ပြည်လည်တူးဖေါ်တွေ့ရှိခဲ့သည့် ရှေးဟောင်းနေရာတွင် လွန်ခဲသော နှစ်ပေါင်း တစ်ထောင့်ငါးရာ (အေဒီ ၅ ရာစု) ခန့်က ကျောင်းသား တစ်သောင်းကျော်နှင့် ဆရာ နှစ်ထောင်ကျော် ရှိခဲ့ဖူးသည်။ ဗိသုကာလက်ရာမွန်များကိုလည်း လေ့လာနိုင်ကြဆဲဖြစ်သည်။
သက္ကရိုက်ဘာသာစကား အမည်ဖြစ်ပြီးလျှင် - အသိပညာဖြန့်ဝေရာဌာနီ - ဟု အဓိပ္ပါယ်ရသော ဤတက္ကသိုလ်ကြီးသည် 1197 ခုနှစ်အထိ တည်ရှိခဲ့သည်။ အိန္ဒိယဒေသတွင်းသာမကဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ တိဗက်၊ အင်ဒိုနီးရှား၊ ပါရှားနှင့် တူရကီတိုင်းနိုင်ငံများက ကျောင်းသားများလည်း လာရောက် လေ့လာခဲ့ကြသည်။

ဗုဒ္ဓဘာသာစာပေလေ့လာရန်အတွက် အဓိကဖြစ်သော်ငြားလည်း အနုပညာ၊ ဆေးပညာ၊ သင်္ချာ၊ နက္ခတ္တဗေဒ၊ နိုင်ငံရေးနှင့် စစ်အနုပညာ ဘာသာရပ်များကိုလည်း လေ့လာဆည်းပူးနိုင်ကြသည်။
1193 ခုနှစ်တွင် အိန္ဒိယမြောက်ပိုင်းကို အုပ်ချုပ်နေသည့် တူရကီဗိုလ်ချုပ် Bhaktiyar Khilji ဘတ္တိယ ခီလဂျီ၏ စစ်တပ်က နာလန်ဒတက္ကသိုလ်ကို သိမ်းယူ ဖျက်ဆီးခဲ့သည်။
မောက္ခနိုင်ငံတကာပညာရေးသတင်း
Source: Indian news
 http://www.maukkha.org/index.php/news-menu/international-news-maukkha/2951-2013-01-31-04-15-25

0 comments:

Post a Comment