လူ့သားအခွင့်အရေးနှင့်
ဗုဒ္ဓကိုယုံသူအခွင့်အရေး
Human
Right and Buddhist Right
ဖြူဖွေးအေးမြ ဆောင်းနှင်းစများဖြင့် မိုးကုန်လို့ ဆောင်းဦးကာလကို ချဉ်းနှင်းဝင်ရောက်ခါစ
အေးမြတဲ့ ဆောင်းညများကို ကြည်လင်ရွှင်မြူးစွာ လှမ်းကြိုနေတဲ့ ဟေမာန်ဦးကာလအချိန်…
၂၁ ရာစု၏
ရှေးဦးပိုင်းကာလ ယခုလိုအချိန်များသည်ကား
လူသားသမိုင်းတွင် တစ်ခါမှမကြုံစဖူး ထူးကဲစွာဖြင့် လူသားတို့၏ နှလုံးရည်တိုက်ပွဲ(Third War)များကို ကမ္ဘာအနှံ့မှ အချိန်တိုင်း၊ နေ့တိုင်း ကြားနေရ၊ မြင်နေကြရ၏။ ကမ္ဘာ့အရှေ့အလယ်ပိုင်းနှင့်
ကမ္ဘာ့အနောက်ဘက်အခြမ်းတို့မှ
မြန်မာ့ပိုင်နက်ထဲသို့
နေ့စဉ်လိုလို ၀င်ရောက်လျက်ရှိသော အင်တာနက်၊ တီဗီ၊ ရေဒီယိုအသံလှိုင်းများမှ
တစ်ဆင့်လာသော နှလုံးရည် ချွန်သံ၊
တိုက်ပွဲသံတို့သည်ကား
အေးချမ်းလှပတဲ့ ဆောင်းညချမ်းဦးများကို
ပူလောင်စေ၊ အရုပ်ဆိုးစေပြန်၏။ ထိုအထဲမှ အပူလောင်ဆုံး၊ အရုပ်အဆိုးဆုံးဖြစ်စေသော
စကားတစ်ခွန်းမှာ… Human Right, လူ့အခွင့်အရေး ဟူ၍ဖြစ်၏။